ဂွ အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲမှစ၍ ထိုးနှံပေးလျက်ရှိသည်။
ဂွမြို့နယ်အနေဖြင့် အောက်တိုဘာ ၁၇ ရက်တွင် အထက(ဂွ)၊ အထက(ဆပ်သွား)၊ အထက(ကုလားပြင်) တို့တွင် လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် အထက(ဂွ)နှင့် အထက(ကျိန္တလီ) တို့တွင် လည်းကောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် အထက(တောင်ပေါက်)တွင်လည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်မြို့နယ်လုံးအနေဖြင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၁၈၇၄ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်