ဂွ ဇူလိုင် ၁၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များပြားလာသောကြောင့် ကိုဗစ်-၁၉ ကုသရေးစင်တာကို ဂွမြို့နယ် ဘောလုံးကွင်းအတွင်းရှိ အားကစားခန်းမတွင် ယနေ့မှစ၍ တိုးချဲ့ဖွင့်လှစ်ပြီး ကုသမှုပေးရန် စီစဉ်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ကုသရေးစင်တာ(ဂွမြို့)တွင် ကျန်းမာရေးဝန်ထမ်းများကို ဆေးရုံကဲ့သို့ (၂၄) နာရီတာဝန်ချထား၍ ကုသမှုပေးသွားမည်ဖြစ်ပြီး လူနာ (၅၀)ခန့် ထားရှိကုသပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ကုသရေးစင်တာ(ဂွမြို့)တွင် ရောဂါမပြင်းထန်ဘဲ သာမန်လက္ခဏာ ခံစားရသူများကို ထားရှိကုသပေးသွားမည်ဖြစ်ပြီး ပြည်သူ့ဆေး(ဂွမြို့)တွင် ရောဂါပြင်းထန်သူများ၊ အသက်ကြီးသူများနှင့် ရောဂါအခံရှိသူများကို ဦးစားပေးကုသပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)
Photo. မြို့နယ်ကျန်းမာရေးဦးစီးဌာန