ဂွ အောက်တိုဘာ ၁

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသား စိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် စက်တင်ဘာလအတွင်း ဆောင်ရွက်ပေးခဲ့မှုများအား စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက မြို့နယ်မှူး ဦးလှချိုချိုနှင့် ဝန်ထမ်းများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျေးရွာပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

mdn

 

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် စက်တင်ဘာလအတွင်း ရှောက်ကုန်းကျေးရွာအုပ်စု၊ စေတီကွင်းအုပ်စု၊ သဲကုန်းကျေးရွာအုပ်စု၊ ပုန်းညှက်ကျေးရွာ အုပ်စုများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပြီးစီးမှုမှာ အမျိုးသား ၁၀၃ ဦး၊ အမျိုးသမီး ၁၁၃ ဦး စုစုပေါင်း ၂၁၆ ဦးကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ရွှေရည်ဝင်းကျော်