ဂွ မတ် ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ် ၁၃ ရက်က ပန်းချီအခြေခံ (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပန်းချီအခြေခံ (အခမဲ့) သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းချီအခြေခံသင်တန်းကို ဆက်လက်သင်ကြားပေးခဲ့ကြသည်။
အဆိုပါ နွေရာသီ ပန်းချီအခြေခံ (အခမဲ့) သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ မတ် ၁၃ ရက် မှ ၁၇ ရက်အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်