ဂန့်ဂေါ ၃ နိုဝင်ဘာ

 

ဂန့်ဂေါမြို့နှင့် ဆက်စပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားသုံးစွဲသည့် ကျေးရွာများတွင် နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ကြေညာထားသည်။

 

အဆိုပါနေ့တွင် ၆၆ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းတွင် ပြုပြင်ရန်လိုအပ်နေသည်များ ရှိသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်အခြေအနေကို သုံးစွဲသူများသိရှိနိုင်ရန်နှင့် ကြိုတင်ပြင်ဆင် နိုင်ကြရန် အသိပေးကြေညာထားခြင်းဖြစ်ကြောင်းနှင့် ဂန့်ဂေါ - ကျော - ဟားခါး - ကလေးမြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

 

ယခုကဲ့သို့ ကြေညာပေးသည့်အတွက် ကြိုတင်ပြင်ဆင်ရန် များစွာအဆင်ပြေသွားသည့်အတွက် ကျေးဇူးတင်ပါကြောင်း မြို့မရပ်ကွက်မှ လျှပ်စစ်မီးသုံးစွဲသူတစ်ဦးက ပြောသည်။

 

၁၄၄