ဂန့်ဂေါ၊ ၁၈ ဒီဇင်ဘာ
ဂန့်ဂေါမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသောက်ကုန်ရောင်းဝယ်သည့် ဆိုင် ၂၀ ကို စစ်ဆေးခဲ့ကြပြီး ရက်လွန်ကုန်စည်များနှင့် ရောင်းချခြင်းမပြုရန် ကြေညာထားသည့် စားသောက်ကုန်များ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးညီညီအောင်နှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာ ဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သားမောင်သန်း


