ဂန့်ဂေါ  ၂၂  ဇန်နဝါရီ

 

ဂန့်ဂေါခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် (Exercise is Medicine) ဆင့်ပွားနည်းပြသင်တန်းကို ယနေ့နံနက် ၇ နာရီတွင် ခရိုင်အားကစားကွင်း၌ လေ့ကျင့်လျက်ရှိသည်။

 

6369

 

အဆိုပါ (Exercise is Medicine) ဆင့်ပွားနည်းပြသင်တန်းနှင့်စပ်လျဉ်း၍ " တစ်နိုင်ငံလုံးရှိ ခရိုင်၊ မြို့နယ်များတွင် အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ပြုလုပ် ပေးနေပါတယ်၊ ကျန်းမာရေးဟာ ဆေးတစ်ပါးဆိုသည့်အတိုင်း ကိုယ်ကာယကြံ့ခိုင်စေဖို့၊ ကျန်းမာ ပျော်ရွှင်စေဖို့အတွက် ဌာနဆိုင်ရာဝန်ထမ်း ၇၀ ခန့် သင်တန်းကို အချိန်မှန်မှန်တက်ရောက်၍ စိတ်ပါ ဝင်စားစွာသင်ကြားနေပါတယ်၊ ဒီသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေတာ တစ်ပါတ်ပြည့်တော့တာ ဖြစ်ပြီး ညနေ ၄ နာရီတွင် သင်တန်းဆင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်"ဟု ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူး ဦးဇော်ဝင်းကို ကပြောကြားသည်။

 

2365

 

ထို့နောက် ယမန်နေ့ကလည်း အ.လ.က(မြောက်ကုန်း) စာသင်ကျောင်းတွင် သင်တန်းနည်းပြနှင့် (Exercise is Medicine) ဆင့်ပွားနည်းပြသင်တန်းသား (၇၀)ခန့်တို့က ဦးဆောင်၍ ကျောင်းသား ကျောင်းသူ ၂၀ဝ ကျော်တို့ စုပေါင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

23

 

ထင်အောင်နိုင်(ပြန်ဆက်)