ဂန့်ဂေါ ၅ သြဂုတ်
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေသထွက်နှင့် ဒေသတွင် သုံးစွဲခဲ့သည့် ပစ္စည်းများပြခန်း ပြခန်းငယ် (Mini Museum) ကို ပြသထားရာ ယနေ့ နံနက် ၉ နာရီတွင် စည်ပင်သာယာ အလကမှ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးတို့ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ လေ့လာကြည့်ရှုရာတွင် ဒေသထွက်ပစ္စည်းများနှင့် ဒေသတွင်သုံးစွဲခဲ့သည့် နှီးဒေါင်းလန်း၊ စပါးကြိတ်ဆုံ၊ နှမ်းဆုံ၊ ဝါကြိတ်၊ လုံးထွင်းလှေ၊ ချိတ်၊ အင်ကြင်းကျောက် ရက္ကန်းစင်၊ စပါးပုတ်၊ ဝါးခမောက်၊ ဝါးဖုန်းတင်စင်၊ ချိတ်၊ ရှားစေး၊ မြေအိုး စသည်တို့အပါအဝင် ပြခန်းတွင်ပြသထားသည်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေး က ရှင်းလင်းပြသသည်။
MDN


