ဂန့်ဂေါ ၂၁ အောက်တိုဘာ
ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ယစ်မျိုးလေလံလိုင်စင် ရောင်းချပွဲပြုလုပ်သည်။
ရောင်းချပွဲတွင် လေလံတင်ရောင်းချရေးအဖွဲ့ခေါင်းဆောင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က အမှာစကားပြောကြားပြီး လေလံတင်ရောင်းချရေးအဖွဲ့ဝင် လက်ထောက် ညွှန်ကြားရေးမှူး ဦးဖြိုးအောင်ထွန်း က လေလံလိုင်စင် စည်းကမ်းချက်များ၊ ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လိုင်စင်တည်နေရာ တစ်ခုချင်းစီအလိုက် ရောင်းချကြရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွက် နှစ်စဉ်ယစ်မျိုးအစီအစဉ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) မှ ခွင့်ပြုချထားသော ဂန့်ဂေါမြို့နယ်အတွင်းရှိ CFL_1, CS_2, FL_10 လိုင်စင်စုစုပေါင်း ၇၉ ဆိုင် အား ရောင်းချခဲ့ကြောင်း သိရသည်။
ကျော်သန်းဆွေ


