ဂန့်ဂေါ ၃၀ အောက်တိုဘာ

 

ဂန့်ဂေါခရိုင်မှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများကို ဂုဏ်ပြုပွဲပြုလုပ်ရန် ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 “ဂန့်ဂေါခရိုင်က နိုင်ငံ့လက်ရွေးစင်အဖြစ် ပါဝင်ကစားသွားနိုင်တဲ့ အားကစားသမားများရဲ့ ဓာတ်ပုံများအပါအဝင် ကိုယ်ရေးအချက်အလက်တွေကို ပြုစုနေပါတယ်၊ ဂုဏ်ပြုပွဲအတွက် ကျင်းပတဲ့ ဘောလုံးပွဲဝင်ကြေးကအစ ရရှိလာတဲ့ ရန်ပုံငွေတွေကို ဘဏ်မှာ ငွေစာရင်း ဖွင့်ထားပါတယ် ” ဟု ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူး ဦးဇော်ဝင်းကို က ပြောသည်။

 

တောင်သားမောင်သန်း