ဂန့်ဂေါ ၁၂ ဇန်နဝါရီ
ဂန့်ဂေါခရိုင်တွင် မှုခင်းဖြစ်ပွားမှုလျော့နည်းရေးအတွက် ကြိုတင်ကာကွယ်ခြင်းများနှင့် အိမ်တိုင်ရာရောက် အသိပညာပေး ဆွေးနွေးခြင်းများ၊ စာသင်ကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“၂၀၁၉ ခုနှစ်အတွင်းမှာ ကြိုတင်ကာကွယ်မှုအနေနဲ့ ဂန့်ဂေါမြို့နယ်မှာ ၁၄၈၁ ကြိမ်၊ ထီးလင်းမြို့နယ်မှာ ၂၄၁ ကြိမ်၊ ဆောမြို့နယ်မှာ ၁၇၆ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ အများဆုံးကတော့ ဆိုင်ကယ်စီးဦးထုပ် မဆောင်းတဲ့ကိစ္စပါ” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မင်းလွင်က ပြောသည်။
ဂန့်ဂေါမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး လုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်သန်းဆွေ