ဂန့်ဂေါ၊  ၂၂  ဇန်နဝါရီ

 

ဂန့်ဂေါမြို့ ကျောက်တိုက်ရပ်ကွက်ရှိ အောင်သရဖူ ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်မှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးအတွက် ငွေကျပ် ၁၀ သိန်းကို ဇန်နဝါရီ ၂၁ ရက်က ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှတစ်ဆင့် သက်ဆိုင်ရာငွေစာရင်းသို့ လွှဲပို့လှူဒါန်းကြောင်း သိရသည်။

 

ငွေစာရင်းသို့ ပေးသွင်းနိုင်ရန် COVID-19 ကာကွယ်ဆေးအတွက် ဂန့်ဂေါမြို့နယ် အလှူတော်ငွေ ကောက်ခံရေး ကော်မတီသည် ရပ်ကွက်၊ ကျေးရွာများရှိ စေတနာရှင်များထံမှ အလှူတော်ငွေများကို ဇန်နဝါရီ ၁၆ ရက်မှစတင်ကောက်ခံလျက်ရှိရာ စည်ပင်သာယာရပ်ကွက်နေ ပြည်သူများက ငွေကျပ် ၄၆ သိန်းကျော်၊ မွှေ့လယ်ကျေးရွာနေ ပြည်သူများက ငွေကျပ် ၅၃ သိန်းကျော်၊ ကျောတိုက်ရပ်ကွက်နေ ပြည်သူများက ငွေကျပ် ၄၅ သိန်းကျော်၊  မြို့မရပ်ကွက်ရှိ အဖြူရောင်နှလုံးသား လူမှုရေးအဖွဲ့ငယ်က ငွေကျပ် သောင်း အပါအဝင် မြို့မရပ်ကွက်နေ ပြည်သူများက ငွေကျပ် ၅၂ သိန်းကျော်၊ မြောက်ကုန်းရပ်ကွက်နေ ပြည်သူများက ငွေကျပ် ၄၃ သိန်းကျော် စသည်ဖြင့်လည်း လှူဒါန်းလျက်ရှိကြောင်း နှင့်  ဇန်နဝါရီ ၂၁ ရက်ထိ စေတနာရှင်များ လှူဒါန်းငွေစုစုပေါင်း ငွေကျပ် ၂၉၈ သိန်းကျော် ရရှိနေပြီးဖြစ်ကြောင်း သိရသည်။

 

ကျော်သန်းဆွေ