ဂန့်ဂေါ ၂၈ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောဟောပြောပွဲကို အမှတ်(၁) ရပ်ကွက်၊ အလက(မြောက်ကုန်း)ကျောင်း၌ ယနေ့နံနက် ၉ နာရီတွင် စာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးကျော်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားပြီး၊ ဂန့်ဂေါခရိုင် အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲအုပ် ခင်မောင်ထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်စပ်လျဉ်း၍"ကျောင်းသူ/ကျောင်းသားတွေ ယာဉ်အန္တရာယ် ကင်းရှင်း စေဖို့အတွက် အဓိကဆောင်ရွက်ပေးနေတာပါ၊ လမ်းစည်းကမ်းတွေကိုလဲ နားလည်အောင် ကလေး တွေကို သေချာရှင်းပြပေးပါတယ်၊ ယာဉ်/လမ်းစည်းကမ်း လက်ကမ်းစာစောင် ၄၀ဝ ကိုလဲ ဖြန့်ဝေ ပေးပါတယ်၊ ကလေးတွေကို လမ်းဖြတ်ကူးရင် "ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန် ကြည့်"စတဲ့ ဆောင်ပုဒ်ကိုလည်း သေချာရှင်းပြသင်ကြားပေးပါတယ်"ဟု အမှတ်(၁၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲအုပ်ခင်မောင်ထွန်းက ပြောသည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့် အပါအဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ (၄၅၀) ကျော် တက်ရောက်ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)