ဂန့်ဂေါမြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ နိုဝင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းအား နိုဝင်ဘာ ၂၆ ရက်က ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဈေးအကျိုးတော်ဆောင်များလိုက်ပါ၍ ဂန့်ဂေါမြို့မဈေးအတွင်း/အပြင်ရှိ လုံခြုံရေး မီးတပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ဈေးအတွင်း မီးသတ်ရေကန်များ၊ အမြင့်တင်ရေစင်များ ရေအပြည့်ဖြည့်ထားမှု အခြေအနေ၊ မီးသတ်ရေငုတ်တိုင်များတွင် အပေါ့စားမီးသတ်စက်များနှင့် ပိုက်များထားရှိမှုအခြေအနေ၊ ဈေးလုံခြုံရေး လျှပ်စစ်မီးလိုင်းများ ကောင်းမွန်မှုရှိစေရေး မြို့နယ်လျှပ်စစ်နှင့် လိုက်လံကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ စီးစဉ်ဆောင်ရွက် ထားရှိရန် ဆွေးနွေးမှာကြားသည်။

 

 

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့က စည်ပင်သာယာမြို့မဈေးအတွင်း မီးသတ်ကားများ လွယ်ကူစွာ ဝင်/ထွက်သွားလာနိုင်ရေး လမ်းကြောင်းများ ရှင်းလင်းထားရှိမှု၊ လျှပ်စစ်မီးလိုင်းများ သွယ်တန်းထားရှိမှုနှင့် မီးဘေးလုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်ထားရန်မှာကြားခဲ့ပြီး အခက်အခဲများအား မေးမြန်းကာ လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)