ဂန့်ဂေါ ၂ ဇွန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သည့်ကာလတွင် မော်တော်ယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ရပ်နားထားခဲ့ရာမှ မေ ၁၆ ရက်မှစတင်ကာ ဂန့်ဂေါမြို့မှ မကွေးတိုင်းဒေသကြီးအတွင်း ခရီးစဉ်များကို လည်းကောင်း၊ ဇွန် ၁ ရက်မှ စတင်ကာ တိုင်းဒေသကြီးကျော် ခရီးစဉ်များကို လည်းကောင်း စတင်ပြေးဆွဲကြကြောင်း သိရသည်။
မော်တော်ယာဉ်လိုင်းများ ပြေးဆွဲခြင်းနှင့်ပတ်သက်ပြီး ပစ်တိုင်းထောင် မော်တော်ယာဉ်လိုင်းဥက္ကဌ ဦးအောင်ဇေယျာမြင့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအတိုင်း ဆောင်ရွက်ကြောင်း ၊ ဖြိုးမေတ္တာ မော်တော်ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးထွန်းကျော်က ခရီးသည်များ ကျန်းမာရေးအတွက် အလေးထားပေးကြောင်း၊ ယောရွှေပြည်ကားဂိတ်မှ ယာဉ်မောင်းတစ်ဦးက သတ်မှတ်ဦးရေကိုသာတင်ဆောင် ပြေးဆွဲကြောင်း ပြောပြကြသည်။
ထိုသို့ ပြေးဆွဲရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကားဂိတ်များတွင် လက်ဆေးဗေစင်များ ထားရှိသည့်အပြင် ယာဉ်ပေါ်တွင် လက်သန့်ဆေးရည်များ ထားရှိပေးပြီး တစ်ခုံခြားနေရာယူစေသည်။ ထို့ပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည် များအားလုံးကို အပူချိန်တိုင်းပေးကာ နှာခေါင်းစည်း တပ်ဆင်ကြရေး နှိုးဆော်ထားကြောင်း သိရသည်။
၁၄၄


