ဂန့်ဂေါ ၂၆ ဇန်နဝါရီ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သရုပ်ပြရှင်းလင်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပညာရိပ်ဘော်ဒါဆောင်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဂန့်ဂေါခရိုင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲအုပ်ခင်မောင်ထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး သရုပ်ပြရှင်းလင်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ယာဉ်ထိန်းသိမ်း နည်းစနစ်(၅)ချက်နှင့် ယာဉ်တိုက်မှု အမှားအမှန်ခွဲခြားခြင်းတို့ကို ရှင်းလင်းဟောပြောခြင်း၊ ယာဉ်ထိန်းရဲ လက်အချက်ပြစနစ်နှင့် ညအချိန် ရောင်ပြန်မီးချောင်း အသုံးပြုပြီး ယာဉ်/လမ်း အချက်ပြစနစ်တို့ကို သရုပ်ပြရှင်းလင်းခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သရုပ်ပြရှင်းလင်းပွဲကို ဘော်ဒါအုပ် ဆရာကြီး ဦးမင်းလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၁၇၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်/ဆက်)