ဂန့်ဂေါ ၂၀ အောက်တိုဘာ
စားသုံးသူပြည်သူများ လုံခြုံစိတ်ချနိုင်ရေးအတွက် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာများကို စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဂန့်ဂေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့နယ်တွင် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ “စားသောက်ကုန်ရောင်းတဲ့ ဆိုင်များမှာ စားသောက်ကုန်များရဲ့ သတ်မှတ်ရက်ကျော်လွန် (DATE OUT) စားသောက်ကုန်များ ရောင်းချခြင်း မရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် မပါဝင်သင့်တဲ့ ပစ္စည်းများ စားသုံးကုန်တွေမှာ မပါဝင်စေရေး၊ အဆင့်မမီတဲ့ လျှပ်စစ်ပစ္စည်းများ ရောင်းချြခင်းမရှိစေရေး စတာတွေ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒေါ်စိုးယုဆွေက ပြောသည်။
ဂန့်ဂေါမြို့နယ်တွင် အောက်တိုဘာလအတွင်း အသိပညာပေးဟောပြောခြင်း ၄ ကြိမ်၊ ကွင်းဆင်းစစ်ဆေးခြင်း ၁ ကြိမ်၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ၁ ကြိမ်၊ ဈေးကွက် စောင့်ကြည့်ခြင်း ၁ ကြိမ်တို့ကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း


