ဂန့်ဂေါ ၃  ဧပြီ

 

ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ဂန့်ဂေါမြို့နယ် ကျောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ပြည်ပမှပြန်လာသူများ အသွားအလာကန့်သတ်ထားသူများ အသုံးပြုရန် ၁၅ ဦးစာအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများကို ကျောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဧပြီ ၂ ရက်က ပေးအပ်လှူဒါန်းသည်။

 

ထိုသို့ပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဦး က ကျောမြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦး ထံ ပေးအပ်လှူဒါန်းသည်။

 

အဆိုပါ တစ်ကိုယ်ရေသုံးပစ္စည်းတွင် စောင်၊ မျက်နှာသုတ်ပဝါ၊ အင်္ကျီ၊ လုံချည်၊ ဖိနပ်၊ လက်သည်းညှပ်၊ ဘီး၊ မှန်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာတို့ ပါဝင်ကြောင်း သိရသည်။

 

ကျော်သန်းဆွေ