ဂန့်ဂေါမြို့နယ် ခေါက်ခူရွာတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဂန့်ဂေါ ၂  ဒီဇင်ဘာ

 

ဂန့်ဂေါမြို့နယ် ခေါက်ခူရွာ ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာ ၃၀ ရက်နံနက်က ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း  အကြောင်း ရှင်းလင်းဟောပြောပွဲ ပြုလုပ်သည်။

 

ရှင်းလင်းဟောပြောပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းအောင် က ပြည်သူ့ဝန်ဆောင်မှုရုံးမှ ဆောင်ရွက်ပေးထားသည့် လုပ်ငန်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က သန်းခေါင်စာရင်း ၊ မွေးဖွါးစာရင်းနှင့် သေဆုံး ဖျက်ဆီးသည့် စာရင်းများအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ရဲနိုင် က ပွင့်လင်းရာသီနှင့် မီးဘေးအန္တရာယ် အကြောင်း၊ မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာ ဦးအောင်ကျော်မင်း က လျှပ်စစ်အသုံးပြုပုံ နှင့် ဆောင်ရန် ရှောင်ရန်များ၊ မင်းရွာ ရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်းကျော်က မှုခင်းကျဆင်းရေးနှင့် ပြစ်မှုပြစ်ဒဏ်များတို့ကို ဟောပြော ဆွေးနွေး ကြသည်။

 

အဆိုပါနေ့တွင် တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများအား ကျန်းမာရေး ဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည့်အပြင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျေးရွာမှ မွေးတိုးစာရင်း များ ဖြည့်စွက်၍ သေဆုံးစာရင်းများ ပယ်ဖျက်ပေးကြကြောင်း သိရသည်။

 

တောင်သားမောင်သန်း