ဂန့်ဂေါ ၂၀ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်သာရွာတွင် သုတစေညွှန် စာကြည့်တိုက်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို စာကြည့်တိုက်ကော်မတီဝင် ဦးဌေးဝင်းက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က အသိပညာအတွက် စာအုပ်စာပေ လေ့လာဖတ်ရှုကြရေး၊ စာကြည့်တိုက် ရေရှည်တည်တံ့ရေးတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ စာကြည့်တိုက်ကို စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး စာကြည့်ဆောင်ကိုပါ သီးခြားဆောက်လုပ်ထားကာ စာကြည့်တိုက်တွင် စေတနာရှင်ပြည်သူများက စာအုပ်မျိုးစုံ ၃၂၀ဝ ကျော်ကို လာရောက်လှူဒါန်းထားကြောင်း သိရသည်။
ကျော်သန်းဆွေ(ပြန်/ဆက်)