ဂန့်ဂေါ ၂၁ အောက်တိုဘာ

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ဂန့်ဂေါမြို့ နယ် လာပို့ရွာတွင် လယ်ယာများမှ ထွက်ကုန်သီးနှံများ လွယ်ကူစွာသယ်ယူနိုင်ရန်အတွက် ကျေးလက် ကုန်ထုတ်လမ်းကို ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လမ်းကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်းအရှည် ၁ မိုင် ၄ ဖာလုံ နှင့် အကျယ် ၁၂ ပေ တွင် ကျောက်ရောမြေ ၁ ပေနှင့် မြေနီကျောက်စရစ် ၉ လက်မထုတို့ဖြင့် ဖောက်လုပ် သွား မည်ဖြစ်ပြီး လိုအပ်သည့် နေရာများတွင် ရေပြွန်များထည့်သွင်းဖောက်လုပ်မည်ဖြစ်ကာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။ 

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂန့်ဂေါ မြို့နယ် တောင်ခင်ရန်း ကျေးရွာ၌ လမ်းအရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ ရှိ ကျေးလက်ကုန်ထုတ်လမ်းကို ဖောက်လုပ်ခဲ့ရာ လယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ နှမ်း၊ ပဲ ၊ ပြောင်း စသည့် သီးနှံများ အလွယ်တကူ သယ်ယူနိုင်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

(၁၄၄)