ဂန့်ဂေါ ၁၈ မေ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ တိုက်နယ်ဆေးရုံရှိ အမျိုးသမီး လူနာဆောင်တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ပြိုကျပျက်စီးသွားကြောင်း သိရသည်။
ယင်းကဲ့သို့ ပြိုကျမှုကြောင့် အလျား(၄၀)ပေ၊ အနံ(၃၀)ပေတွင် တပ်ဆင်ထားသည့် (၂)ပေပတ်လည် ကျောက်ပြားမျက်နှာကျက် (၁၂၀)ချပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၀ သိန်းရှိကြောင်း သိရပြီး ပြိုကျပျက်စီးမှုကြောင့် ဆေးရုံရှိ ဝန်ထမ်းများနှင့် လူနာများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးလူနာဆောင်ကို ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


