ဂန့်ဂေါ  ၁၃   ဇူလိုင်

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဂန့်ဂေါမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင် ၁၂ ရက်က ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ထားခြင်း မရှိသေးသူ ကျား ၄၀ ၊ မ ၄၃ ဦး စုစုပေါင်း ၈၃ ဦးအတွက် နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးကြသည်။

 

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်းနှင့် ဇူလိုင် ၄ ရက်က တောင်ခင်ရန်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၆ ဦးအတွက် ဆောင်ရွက်ပေးခဲ့ကာ ကျန်ရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးဝင်းနိုင်၏ ပြောပြချက်အရ သိရသည်။

 

ကျော်သန်းဆွေ( ၁၄၄)