ဂန့်ဂေါ  ၂၁ အောက်တိုဘာ

 

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာ ရာဇမုနိဓာတ်တော်ရှင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် ဘက်စုံမွမ်းမံ တည်ဆောက်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲမှ သိရသည်။

 

အဆိုပါ ရာဇမုနိဓါတ်တော်ရှင် ဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့၏စီစဉ်မှုဖြင့် နှစ်စဉ် တပေါင်းလဆန်း ၉ ရက်ကနေ ၁၁ ရက်ထိ ပဌာန်းရွတ်ဆိုပူဇော်ပွဲ၊ တပေါင်းလဆန်း ၁၂ ရက်တွင် ဗုဒ္ဓ ပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ၊ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

" ဒီနှစ်ထဲမှာ ဘုရားကုန်းတော်သို့ တက်ရောက်မည့်နေရာတွင် တည်ဆောက်မည့် စောင်းတန်း များကို ဘုရားပွဲအမှီဆောက်လုပ်ဖို့လျာထားပါတယ်၊ ယခင်ဂေါပကအဖွဲ့ဥက္ကဌ ဦးသိန်းထွန်းအောင် မိသားစုကောင်းမှုနဲ့ ပေ ၆၀ x ၃၀  ရှိ ပိဋိကတ်ဆောင် အဆောက်အအုံကိုလည်း ဆောက် လုပ်နေပါ တယ်၊ တပေါင်းလဆန်း ၁၂ ရက် ဆွမ်းလောင်းပွဲကို ယခင်နှစ်ကတော့ မြို့ပေါ်ကျောင်းများနှင့် ကျေးရွာနှင့် ၅ မိုင်ပတ်လည် ကျောင်းများမှ သံဃာတော်၂၀ဝ နီးပါး ပင့်ဆောင်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ ခဲ့ပါတယ်၊ ဒီနှစ်မှာလဲ ဆွမ်းလောင်းလှူပွဲကို ယခင်နှစ်ကထက် ပိုမိုစည်ကားစွာ ပြုလုပ်သွားဖို့ စီစဉ် ဆောင်ရွက်နေပါတယ်" ဟု ရာဇမုနိဓာတ်တော်ရှင် ဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့ဝင် ဦးဝင်းထိုက်က ပြောသည်။

 

ရှံးရှီကျေးရွာ၌ ၁၉၉၈ ခုနှစ် စက်တင်ဘာ ၉ ရက်က ထေရဝါဒ ဗုဒ္ဓသာသနာ အဆုံးအမ ခံယူပွဲ ပြုလုပ် ခဲ့ရာ အဆိုပါနေ့အထိမ်းအမှတ်အဖြစ် ရာဇမုနိဓာတ်တော်ရှင် စေတီပုရိဝဏ်တွင် ဗောဓိပင် စိုက်ထူထားကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ပြန်/ဆက်)