ဂန့်ဂေါ  ၂၉  ဇူလိုင်

 

ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် မြေပဲသီးနှံကို တိုးချဲ့စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျှက်ရှိကြောင်းနှင့် အဆိုပါ စိုက်ခင်းများသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက် ကွင်းဆင်းကြကာ စိုက်ပျိုးရေး ပညာပေးဆွေးနွေးလျက်ရှိကြောင်း  သိရသည်။

 

mdn

 

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်နိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ပါဝင်သည် အဖွဲ့သည် ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မောလယ်ကျေးရွာရှိ တောင်သူ ဦးဇော်မင်းနိုင်၏ မိုးမြေပဲစိုက်ခင်းသို့ ကွင်းဆင်းကာ တောင်သူများနှင့်တွေ့ဆုံပြီး ပိုးမွှားရောဂါ စနစ်တကျ ကာကွယ်နှိမ်နင်းရေးနှင့် မြေဩဇာများ စနစ်တကျသုံးစွဲရေးတို့ကို ပညာပေး ဆွေးနွေးကြသည်။

 

ဂန့်ဂေါမြို့နယ်တွင် ယခင်နှစ်က မိုးမြေပဲ ၈၈ ဧကသာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ၂၅၂ ဧက စိုက်ပျိုးထားကြောင်းနှင့် ဆင်းပဒေသာ ၆၊ ဆင်းပဒေသာ ၁၁ နှင့် မကွေး ၁၆ မြေပဲမျိုးများကို စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

 

၁၄၄