ဂန့်ဂေါ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးသစ်(Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဂန့်ဂေါမြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းက အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ/ဆရာမများ သင်ကြားပို့ချမှု အရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ် (Grade-11) ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြ ၁၀ ဦးမှ မေ ၂၁ ရက်မှ ၂၃ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ ၇၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေသည့် “အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကိုသတိပြုကာ မိမိကစ၍ကာကွယ်ပါ” စသည့်လက်ကမ်းစာစောင်များကိုလည်း ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)