ဂန့်ဂေါမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် တရားမဝင် ပိတောက်ခွဲသား ၁၄ တန်ကျော် ဖမ်းဆီးရမိ 

နေပြည်တော်  ၁၃  ဖေဖော်ဝါရီ  


မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်နှင့်ဆောမြို့နယ်တို့တွင် တရားမဝင်ပိတောက်ခွဲသား ၁၄ တန်ကျော်ကို သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့်  ပူးပေါင်းအဖွဲ့မှ  ယမန်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။


ဖမ်းဆီးရမိမှုမှာ ဂန့်ဂေါမြို့နယ်တွင် ပိတောက်ခွဲသား ၁၅၅ ချောင်း တန်ချိန်  ၁၂ ဒသမ ၃၂၁၄ တန် နှင့် ဆောမြို့နယ်တွင် ပိတောက်ခွဲသား ၃၃ ချောင်း တန်ချိန်၂ ဒသမ ၆၀၇၂ တန်နှင့် စုစုပေါင်း ပိတောက်ခွဲသားတန်ချိန် ၁၄ ဒသမ ၉၂၈၆ တန်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 
မွှေးကြူဇင်