ဂန့်ဂေါ ၂၉ နိုဝင်ဘာ
လူမှုဝန်ထမ်း ဦးစီးဌာနက ဂန့်ဂေါမြို့နယ် ကိုယ်အင်္ဂါမသန်မစွမ်းသူများအတွက် ထောက်ပံ့ပွဲ ကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက အမှာစကား ပြောကြားသည်။
ထို့နောက် ဂန့်ဂေါမြို့နယ် ကိုယ်အင်္ဂါမသန်မစွမ်း ထပ်တိုးစာရင်းများမှ တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ ကျပ်နှုန်းဖြင့် ၆၁၂ ဦးအတွက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဦးလှဦးတို့က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ကြကြောင်း သိရသည်။
(၁၄၄)