ဂန့်ဂေါ ၁၃ ဧပြီ
ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် အရည်အသွေးကောင်း နှမ်းနက်သီးနှံများကို စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
"ဂန့်ဂေါမြို့နယ်မှာ ၂၀၁၈ ခုနှစ် မိုးရာသီက အရည်အသွေးကောင်း နှမ်းနက်သီးနှံ ဧက ၄၀ဝ ကျော်၊ ၂၀၁၉ ခုနှစ်မှာ ဧက ၁၇၀ဝ ကျော်ကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP စနစ်နဲ့အညီ စိုက်ပျိုးခဲ့ပြီး ဒီနှစ်မှာတော့ ဧက ၂၀ဝ၀ လောက်ကို GAP စနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်က ပြောသည်။
ယခုအခါ တောင်သူများလိုအပ်မည့် နှမ်းနက်မျိုးများ ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိရာ မကွေးမြို့မှ ရောက်ရှိလာသော စမုံနက်နှမ်းမျိုးအချို့အား တောင်သူများထံ ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်းနှင့် လိုအပ်သည့်နှမ်းမျိုးများကို ဆက်လက်စုဆောင်း လျှက်ရှိကြောင်း သိရသည်။
တောင်သားမောင်သန်း


