ဂန့်ဂေါ ၁၇ သြဂုတ် 


ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီတွင် ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူများ ဘေးကင်းလုံခြုံရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ရပ်ကွက်နေပြည်သူ ၁၀ဝ ကျော် တက်ရောက်သည်။


ဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးသန်းဦးက စားသုံးသူများ ရွေးချယ်စားသုံးတတ်စေရေး၊ လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ ဂန့်ဂေါခရိုင် ဥပဒေအရာရှိ ဦးကျော်ကျော်လင်းက ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေထုတ်ပြန်ချက်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးထွန်းဝင်းက အေးခဲအသားများ အကြောင်းတို့ကို ဟောပြောဆွေးနွေးကြသည်။


အဆိုပါအဖွဲ့သည် ယနေ့နံနက်တွင် မြို့မ အ.ထ.က ကျောင်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်း၌ တားမြစ်အစားအစာများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးကြပြီး လိုက်နာရမည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


စိန်ကျော်