ဂန့်ဂေါ ၁၃ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၉၉၉ ဒသမ ၀၀ ဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရာ အဆိုပါဝန်ထမ်းအိမ်ရာ လျောက်ထားသူများထံ ဇန်နဝါရီ ၁၃ ရက်က အခန်းနေရာ နံပါတ်များ မဲဖောက်၍ နေထိုင်ခွင့်ပြုပြီဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ၈ ခန်းတွဲ ၆ ထပ်(RC) အဆောက်အဦ ပေ ၁၂၀ x ၅၄ ပေဖြင့် RIEC Group Of Co.Ltd မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာရှိ အခန်း ၁ ခန်းသည် ၆၅၈ စတုရန်း ပေကျယ်ဝန်းပြီး ဝန်ထမ်းများကို နေထိုင်ခွင့်ပြုပြီဖြစ်၍ မဲပေါက်သည့်အခန်းနံပါတ်အလိုက် အခန်းသော့များကို ဂန့်ဂေါခရိုင် လမ်းဦးစီးဌာန၌ တာဝန်ရှိသူများက ဝန်ထမ်းများထံ ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း