ဂန့်ဂေါ   ၁၈  ဖေဖော်ဝါရီ

 

ဂန့်ဂေါမြို့တွင် မိုးလုံလေလုံ အဆင့်မြင့်အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းကို ဖေဖော်ဝါရီ ၆ ရက်မှစ၍ စတင်ဆောက်လုပ်လျက်ရှိကြောင်း ဂန့်ဂေါခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

ဒီလ ၆ ရက်နေ့မှစ၍ တည်ဆောက်ရေးလုပ်ငန်းကို စတင်နေပါပြီ၊ ဩဂုတ်လကုန်မှာ လုပ်ငန်းပြီးစီးအောင် ဆောက်လုပ်ဖို့ ရည်မှန်းထားပြီး ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘားစကပ်ဘော၊ တိုက်ကွန်ဒို၊ တရားတေးဒို၊ ဂျူဒို၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ မြန်မာ့သိုင်းနှင့် ဖူဆယ်ဘောလုံး အားကစားနည်းများကို ရာသီမရွေး ယှဉ်ပြိုင်ကစားနိုင်မှာဖြစ်တယ်” ဟု ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဇော်ဝင်းကိုက ပြောသည်။

 

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုရန်ပုံငွေကျပ် ၂၇၀၀ သိန်းဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်အောင်နိုင်(ပြန်/ဆက်)