ဂန့်ဂေါ၊ ၁၂ ဒီဇင်ဘာ
ဂန့်ဂေါမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)တွင် ဖွင့်လှစ်ထားသည့် Quarantine Centre မှ ပြည်သူများအတွက် ဇီးပြားကျေးရွာမှ စေတနာရှင်များက ဆန်နှင့် စားဖွယ်များ လှူဒါန်းပေးခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် စေတနာရှင်များက ဆန် ၁၂ တင်းနှင့် ၁၂ ပြည်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်များကို လာရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့အတူ လာပို့ကျေးရွာမှ စေတနာရှင်များက ဆန် ၉ အိတ်၊ ငွေကျပ် ၂ သိန်းကျော်၊ ကြက်သွန် ၁ အိတ်၊ ပဲဆန် ၁ အိတ်၊ ဟင်းသီးဟင်းရွက်မျိုးစုံကို လည်းကောင်း၊ မကျည်းခင်ကျေးရွာမှ စေတနာရှင်များက ဆန် ၉ တင်း၊ ဆီ ၆ ဘူးနှင့် ဟင်းသီးဟင်းရွက်များ၊ လုံဟောကျေးရွာမှ စေတနာရှင်များက ဆန် ၁၃ အိတ်၊ ငွေ ၂၂၅၀၀ ကျပ်၊ ဆီ ၇ ဘူးတို့နှင့် ဟင်းသီးဟင်းရွက်များကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်သန်းဆွေ


