ဂန့်ဂေါ ၁၄ စက်တင်ဘာ 

ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စက်တင်ဘာ ၁၃ ရက် ညနေ ၄  နာရီတွင် စကားရည်လု ပတ်လည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပရာ မြောက်ကုန်းရပ်ကွက် အလက က ပထမဆုကိုလည်းကောင်း၊ အထက ဂန့်ဂေါက ဒုတိယဆုကိုလည်းကောင်း အသီးသီးရရှိကြ၍ မြို့နယ် ရဌပါလ လူမှုရေ:အသင်းမှ တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။ 

အဆိုပါ ပြိုင်ပွဲကို ပြီးခဲ့သည့် ရက်သတ္တ သုံးပတ်ကာလမှ စ၍ ငွေရှိဖို့ထက် ပညာရှိဖို့လိုတယ် ခေါင်းစဉ်ဖြင့် မြို့ပေါ်ရှိ အထက်တန်း ကျောင်း နှစ် ကျောင်း နှင့် အလယ်တန်း ကျောင်း ၃ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ အဖွဲ့ ၈ ဖွဲ့တို့ ပါဝင်ဆင်နွှဲခဲ့ကြသည်။    

“လူငယ်တွေ စကားပြောစွမ်းရည်တိုးတက်စေရေး ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲကို ကျင်းပပေး တာပါ၊ ဝါတွင်းကာလ ဥပုသ်နေ့ ကျောင်းပိတ်ရက်တွေမှာ ပြိုင်ပွဲကျင်းပပါတယ်၊ ပတ်လည်ပြိုင်ပွဲကျင်းပတာပါ ’’ ဟု ခရိုင်ပြန်ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးက ပြောသည်။ 

(ခရိုင်ပြန်ဆက်)