ဂန့်ဂေါ ၁ အောက်တိုဘာ
ဂန့်ဂေါ- ကလေး ကားလမ်း၊ ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် ဦးမြင့်သိန်း ကုန်စုံဆိုင်အနီးတွင် ယမန်နေ့ည ၉ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ စည်သူအောင် မောင်းနှင်ပြီး ကောင်းထက်နိုင်၊ ပြည့်စုံစိုး တို့လိုက်ပါသည့် ဆိုင်ကယ်နှင့် ဈေးဝယ်ပြီး၍ လာပို့ရွာသို့ပြန်သော မခင်ဦးမေ မောင်းနှင်ပြီး မဝင်းဝင်းဌေး လိုက်ပါသည့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် စည်သူအောင်မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွား၍ ဒဏ်ရာရရှိသူများအား ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသကြရသည်။
အခင်းဖြစ်ပွားရာသို့ ဂန့်ဂေါမြို့မရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် လဲ့လဲ့ထွန်း၊ မြောက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်ဦး၊ လာပို့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့နှင့်အဖွဲ့ ရောက်ရှိစစ်ဆေး ကြကြောင်းနှင့် ဂန့်ဂေါမြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
တောင်သားမောင်သန်း