ဂန့်ဂေါ ၈ သြဂုတ်
ဂန့်ဂေါခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နှမ်းခါးကျေးရွာမှ တောင်သူ ဦးသာဝထံ မြေ ၁ ဒသမ ၅၁ ဧကကို လည်းကောင်း၊ တောင်သူ ဦးတင်ဖေထံ မြေ ဝ ဒသမ ၇၃ ဧကကိုလည်းကောင်း၊ ဒေါ်ခင်ရီထံ မြေ ၁ ဧကကို လည်းကောင်း၊ ဒေါ်မြင့်မြင့်ဌေးထံ မြေ ၁ ဒသမ ၉၀ ဧက ကို လည်းကောင်း တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဂန့်ဂေါခရိုင်နှင့် ဂန့်ဂေါမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဝင်များ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသကျွမ်းကျင်သူ များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ကျော်သန်းဆွေ(ပြန်/ဆက်)


