ဂန့်ဂေါ  ၃  မတ်

 

ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးနည်းပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ် ကန်ကျေးရွာ သာသနာ့မူလ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP စနစ် လိုက်နာကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများကို ပညာပေးဟောပြော ဆွေးနွေးသည်။

 

ထို့နောက် ပညာပေးဆွေးနွေးပွဲတွင် မြေဆီလွှာများပျက်စီးမှုမှ ထိန်းသိမ်းကာကွယ်နည်းများနှင့် သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်းများ၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ သီးနှံဖျက်ပိုးမွှား ရောဂါများနှင့် ဖောငမြှောင်တောင်ပိုးအကြောင်း သိကောင်းစရာများ၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးနည်းစနစ်များ စသည့်အကြောင်းအရာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပညာပေး ဟောပြောဆွေးနွေးကြသည်။

 

အခမ်းအနားတွင် တက်ရောက်လာသော တောင်သူ ၉၈၅ ဦးထံ ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

၁၄၄