ဂန့်ဂေါ၊ ၁၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်ကာကွယ်ကုသရေး မြို့နယ်အဆင့်ကော်မတီဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ကို အသိပညာပေးကာလအဖြစ် ဇွန် ၁၆ ရက်မှစတင်ကာ နံနက် ၉ နာရီမှ ၁၀ နာရီအထိ မြောက်ကုန်းရပ် ဗိုလ်ချုပ်လမ်း၌ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အသိပညာပေးဆွေးနွေးကြပြီး Mask တပ်ဆင်ခြင်းမရှိသူများကို Mask အခမဲ့ဖြန့်ဝေပေးကြပြီး ပညာပေးကာလကို ဇွန် ၂၁ ရက်ထိ သတ်မှတ်ထားကြောင်း သိရသည်။
၁၄၄


