ဂန့်ဂေါ ၂၇ ဇန်နဝါရီ
ဂန့်ဂေါမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၂၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးရွာများအနက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု စံပြဆုများပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်ဇေယျတို့က အမှာစကားများပြောကြားပြီး မြို့နယ် မြစိမ်းရောင်ကော်မတီဝင် ဦးကိုတင့်က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ပထမဆုအဖြစ် ကန့်သက်ကျေးရွာ၊ ဒုတိယဆုအဖြစ် ရေရှင်မကျေးရွာ၊ တတိယဆုအဖြစ် ပနန်းကျေးရွာတို့အား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN