ရန်ကုန် ၇  ဖေဖော်ဝါရီ 

 

လူကြိုက်များခဲ့သည့် ဂျင်းကောင် ဗွီဒီယိုဇာတ်ကားမှ ကာရိုက်တာတစ်ခုတည်းကိုသာယူ၍ ဇာတ်လမ်းနှင့် ဇာတ်အိမ်၊ ဇာတ်ညွှန်းမတူအောင် "ဂျင်းကောင်" အချစ် ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ ၈ ရက်မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။  

 


ဒါရိုက်တာ ကိုပေါက်ရိုက်ကူးပြီး လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးမှ producer မတင်ဇာပိုင် စီစဉ်ထုတ်လုပ်သည့် "ဂျင်းကောင်'' ရုပ်ရှင်ဇာတ်ကား၏ Red Carpet Show အထူးပြသပွဲကို ဖေဖော်ဝါရီ ၆ရက် ည ၇ နာရီက ရန်ကုန်မြို့ သမ္မတရုပ်ရှင် ရုံတွင် မိတ်ဆက်ပြသခဲ့ကြောင်းသည်။ 

 


"ဂျင်းကောင်" အချစ်ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခိုင်သင်းကြည်၊ အိချောပို၊ အေးဝတ်ရည်သောင်း တို့က အဓိက ပါဝင်ရိုက်ကူးထားသည်။ 

 


'' ဒီရုပ်ရှင်ကားကို ဖန်တီးတဲ့အချိန်မှာ ပရိသတ်ကို ဇာတ်အိမ်ရော၊ တော်ကီ တွေရော အဆန်းတွေပေးချင်တဲ့အတွက်ကြောင့် အဓိက ကာရိုက်တာ တစ်ခုကိုပဲ ယူပြီး ရိုက်ထားတာပါ။ ဇာတ်ညွှန်း၊ ဇာတ်လမ်းက မတူပါဘူး။ ဇာတ်ညွှန်းကို အချိန်ယူပြီး စိတ်ကြိုက် ပြန်ရေးထားတာပါ'' ဟု မတင်ဇာပိုင်က ပြောသည်။ 

 

သန့်စင်ဝင်း 

 

jghg