၂၂ ဒီဇင်ဘာ
The Wedding Planner ? Maid In Manhattan အစရှိတဲ့ ဇာတ်ကားတွေမှာ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ ဂျနီဖာလိုပက်ဇ်ကို နောက်ထပ်ရုပ်ရှင်ကားမှာ ပြန်တွေ့ရဖို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။
အခုဆိုရင် ဂျေလိုလို့ ချစ်စနိုးခေါ်ကြတဲ့ ဂျနီဖာလိုပက်ဇ်ကို ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြန်လည်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားရဲ့ နာမည်ကတော့ Second Act လို့ အမည်ရပါတယ်။ အဲဒီဇာတ်ကားမှာ ဂျနီဖာလိုပက်ဇ်ဟာ လိရှ်ရာမီနီ၊ မိုင်လိုဗန် တီမီလီယာ အစသူတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ အယ်လိန်း ဂိုးလ်စမစ်သောမက်စ်နဲ့ ဂျက်စတင်ဇက်ဟမ် တို့ပဲ ဖြစ်ကြပါတယ်။ အမေရိကန် အချစ်ဟာသဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ ပီတာဆီဂယ်ဖြစ်ပြီး ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့ရပါတယ်။ Second Act ဆိုတဲ့ ဇာတ်ကားဟာ ဟာသ၊ ခင်မင်မှု၊ အချစ်၊ သင်ခန်းစာတွေ အစရှိသည်တို့ကို ဖော်ကျူးထားတဲ့အတွက် ပရိသတ်တွေ နှစ်ခြိုက်ကြမယ့် ဇာတ်ကားတစ်ကား ဖြစ်လာမှာပါ။ ယခုဇာတ်ကားကို ဒီဇင်ဘာ အမေရိကန်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ရုံတင်ပြသခဲ့ကြောင်း သိရသည်။
ခြူး
စီအင်န်အင်န်