အသက် ၄၉ နှစ်အရွယ် ဂျနီဖာအင်နစ္စတန်တစ်ယောက် ပိုပိုလှလာပြီး ကြည့်လို့ ကောင်းလာတဲ့အတွက် အချစ်သစ်တွေ့နေပြီလားလို့ ထင်ကြေးပေးနေကြပါတယ်။ ဂျနီဖာအင်နစ္စတန်ဟာ ထူးချွန်တဲ့သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးမှာတော့ ကံမကောင်းရှာပါဘူး။ ဟောလိဝုဒ်မင်းသားချော ဘရက်ပစ်နဲ့လက်ထပ်ခဲ့ဖူးသလို ဂျက်စတင်သားရက်စ်နဲ့လည်း လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ကွာရှင်းတာနဲ့ပဲအဆုံး သတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အတိတ်ကာလက ရရှိခဲ့တဲ့သင်ခန်းစာတွေကြောင့် ဂျနီဖာအင်နစ္စတန်တစ်ယောက် ပိုပြီးစိတ်ဓာတ်ကြံ့ခိုင်လာပြီး အချစ်သစ်နဲ့ဇာတ်လမ်းစဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြပါတယ်။ နှစ်ခါတိုင်တိုင် ကွာရှင်းခဲ့ရပေမယ့် တစ်နေ့နေ့မှာ နောက်တစ်ဖန်ချစ်မိလိမ့်ဦးမယ်လို့ ဂျနီဖာကတော့ယုံကြည်ဆဲပါပဲလို့ ဂျနီဖာနဲ့ ရင်းနှီးသူတစ်ယောက်က ဟောလိဝုဒ်လိုက်ကို ပြောပါတယ်။ ဂျနီဖာရဲ့ဘဝဟာ အခုလည်း အလွန်ကို အဆင်ပြေနေပါတယ်။ ဘေးနားမှာချစ်ခင်တဲ့လူတွေ၊ သူငယ်ချင်း တွေနဲ့ဝိုင်းနေပြီး သူလုပ်ချင်တာ စိတ်ကြိုက်လုပ်ခွင့်ရနေပါတယ်လို့ ဂျနီဖာနဲ့ရင်းနှီးသူ တစ်ယောက်က ပြောပါတယ်။ သူ့အတွက်ထူးခြားတဲ့ အထူးပုဂ္ဂိုလ်တစ်ယောက်သာ ပေါ်လာခဲ့ရင် သူဟာနောက်တစ်ကြိမ်ချစ်ဖို့ ဖြစ်လာဦးမှာပါ။ ဒါပေမယ့် နောက်တစ်ဖန်ထပ်ပြီး လက်ထပ်ဖို့ကတော့ မသေချာတော့ဘူးလို့ ၄င်းကဆက်ပြောပါတယ်။ လှပပြီး ထက်မြက်တဲ့ ဂျနီဖာတစ်ယောက် ဘယ်လိုအမျိုးသားမျိုးနဲ့ထပ်မံပြီး ဖူးစာဆုံမလဲဆို တာကတော့အလွန်ကိုစိတ်ဝင်စားစရာကောင်းလှပါတယ်။ 

 

ဟောလိဝုဒ်လိုက်ဖ်