ဂန်ဝင်တောမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုများအတွက် အနုပညာရှင်များ လှူဒါန်း

၁၁  ဧပြီ

လတ်တလောမှာ တောင်ကိုရီးယားနိုင်ငံ ဂန်ဝင်မှာဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက် သေဆုံးမှုတွေ များပြားခဲ့ပါတယ်။ ဒီလိုဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် တောင်ကိုရီးယားကြယ်ပွင့်တွေက လှူဒါန်းမှုတွေ ပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ယခုရာ သီဟာ တောင်ကိုရီးယားမှာ ခြောက်သွေ့တဲ့ရာ သီဖြစ်တာကြောင့် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က လောင်ကျွမ်းခဲ့တဲ့ ဂန်ဝင်တောမီးဟာတော့ ပြီးခဲ့တဲ့ နှစ်အတော်ကြာအတွင်း ထိခိုက်ဆုံးရှုံးမှုအများဆုံး တောမီးလောင်ကျွမ်းမှုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီတောမီးလောင်ကျွမ်းမှုအတွက် တောင်ကိုရီးယားကြယ်ပွင့်တွေက ထောက်ပံ့လှူဒါန်းမှုတွေ ပြုခဲ့ကြပါတယ်။ ကေပေါ့ပ်ကြယ်ပွင့်အဖြစ်မှ အောင်မြင်တဲ့ သရုပ်ဆောင်တွေအဖြစ်လည်း ရပ်တည်နေကြတဲ့ ဆူဇီဘေးနဲ့ အိုင်ယူတို့ကတော့ ဝမ်သန်း ၁၀ဝ စီ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

နာမည်ကျော်မင်းသားတစ်ဦးဖြစ်သူ ဆိုဂျီဆပ်နဲ့ မင်းသားကြီး လီဂျန်ဂျေး၊ တေးသံရှင် ဟောင်ဂျင်ယောင်း၊ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကင်ယူနာ၊ အစီအစဉ်တင်ဆက်သူနဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ယိုဂျီဆော့တို့က မီးဘေး သင့်ခဲ့သူတွေအတွက် ဝမ်သန်း ၅၀ စီ လှူဒါန်းခဲ့ပါတယ်။ မင်းသမီး ကန်ဆိုရာ၊ ပါ့ခ်ရှင်ဟေးတို့ကတော့ တောင်ကိုရီးယားဝမ်သန်း ၃၀ စီ လှူဒါန်းခဲ့ပါတယ်။ အလားတူပင် ကေပေါ့ပ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ကင်ဒေါင်ဝန်၊ ဂျန်ဟို၊ ကန်ဒန်နီရယ်နဲ့မင်းသားတစ်ဦးဖြစ်သူ လီဂျီဟွန်းတို့ကလည်း ဝမ်သန်း ၃၀ စီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကျော်ကြားတဲ့မင်းသားတွေဖြစ်ကြတဲ့ ဆောင်းဂျွန်ကီနဲ့ နမ်ဂျိုဟွတ်ခ်တို့ကလည်း ဝမ်သန်း ၃၀ စီ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။ အခြားသော ကြယ်ပွင့်များစွာကလည်း ပါဝင်လှူဒါန်းခဲ့ကြပြီး အဖွဲ့လိုက်လှူဒါန်းမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်