ရန်ကုန် ၉ ဧပြီ
Golden City Charity Foundation မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများအား ဆေးရုံကြီးနှစ်ခုနှင့် အခြားနေရာများသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆေးရုံကြီးနှစ်ခုမှာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတို့ဖြစ်ပြီး ဆေးရုံတစ်ခုလျှင် ကျပ်သိန်း ၂၀ နှင့် သုံးသောင်းတန်ဖိုးရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရန်ကင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့သို့လည်း ငွေကျပ် (၁၀) သိန်းခန့် တန်ဖိုးရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ပြီး ရန်ကင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ အလှူငွေကျပ် (၅)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
Golden City Charity Foundation သည် GoldenCityproject ကြီးအတွင်း ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ဖြစ်ရေးအတွက်လည်း ကာကွယ်ရေးပစ္စည်းများနှင့် ပိုးသတ်သန့်စင်ရေးပစ္စည်းများကို ငွေကျပ် ၃၅ သိန်း တန်းဖိုးခန့် လှူဒါန်းခဲ့သည်။
Golden City Charity Foundation သည် မိမိတို့ ချမှတ်ထားသော "ဖြန့်ဖြူးမေတ္တာ နွေးထွေးစွာ၊ ဝန်းကျင်လှပ လူမှုဘဝ" ဟူသော ဆောင်ပုဒ်အတိုင်း COVID-19 ရောဂါကာကွယ်ရေးအတွက် အရေးတကြီး ဝိုင်းဝန်းရမည့် ယခုအချိန်တွင် မိမိတို့တတ်အားသမျှ အင်အားများဖြင့် အချိန်နှင့်တစ်ပြေးညီ ပါဝင်ကူညီလျက်ရှိရာ ယခုလှူဒါန်းမှုများအပြင် မတ် ၃၁ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့ ပြည်သူ့ဆေးရုံ၌ COVID-19 နှင့် သက်ဆိုင်သော လူနာများထားရှိရန် စီစဉ်ထားသော Isolation Room မှ လူနာများ အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၃၀၀၀ နီးပါးတန်ဖိုးရှိ oxygen supply e Pipeline (၂)စုံအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေကေလင်း


