၃၀ မေ
နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ် ကော်ပိုရေးရှင်းက တိုကျိုမြို့အနီး ချီဘားစီရင်စုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုံခြုံရေးကင်းလှည့်ရန်အတွက် စက်ရုပ်အသစ် လေးရုပ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း ဒေသခံမီဒီယာက ယနေ့သတင်းဖော်ပြခဲ့သည်။
ယခုနှစ် ဇွန်လမှစပြီး လုပ်ဆောင်တော့မည့် ၃၆၀ ဒီဂရီ စောင့်ကြည့်ရေးကင်မရာ ၊ အပူချိန်နှင့် သတ္တုအာရုံခံကိရိယာများနှင့် ရှာဖွေသော ကိရိယာများ အပါအဝင် လုံခြုံရေးနည်းပညာဖြင့် ၁ ဒသမ ၂၀ မီတာ အမြင့်ရှိ စက်ရုပ်များ ကို ပြသခဲ့ကြောင်း လေဆိပ်အော်ပရေတာက ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ် အိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများကို တိုကျိုမြို့တွင် လက်ခံကျင်းပမည်ဖြစ်ရာ နိုင်ငံတကာအားကစားပွဲအခမ်းအနားများ အတွက် ခရီးသွားများတစ်ဟုန်ထိုး ဝင်ရောက်မည်ဟု မျှော်လင့်ကြောင်း နာရီတာလေဆိပ်အော်ပရေတာက ဆိုသည်။
နာရီတာ လေဆိပ်တွင် စက်ရုပ်နှစ်ရုပ်ကို ဝင်ပေါက် ၁ မှာထားပြီး အခြားသော စက်ရုပ်နှစ်ရုပ်ကို ဝင်ပေါက် ၂ မှာ ထားမည်ဟု အော်ပရေတာက ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို