လန်ဒန်   ဇူလိုင်  ၂၂

ဂျပန်- ဗြိတိန်-အီတလီတို့ ပြုလုပ်နေသည့် တိုက်လေယာဉ် ပူးပေါင်းအစီအစဉ်တွင်  ကနေဒါနိုင်ငံက လေ့လာသူအဖြစ်  ပါဝင်မည်ဖြစ်သည်။

အဆိုပါ သုံးနိုင်ငံသည်  မျိုးဆက်သစ်တိုက်လေယာဉ်ကို တိုးတက်အောင် တီထွင်ထုတ်လုပ်နေကြ သည်။ ဇူလိုင် ၂၁ ရက်က လန်ဒန်၌   ဆွေးနွေးပွဲပြုလုပ်ပြီးနောက် လေးနိုင်ငံမှ ကာကွယ်ရေး    ဝန်ကြီးများသည်      အဆိုပါလှုပ်ရှားမှုကို     သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

လန်ဒန်မြို့၌  ပြုလုပ်သည့်  အစည်းအဝေးသို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီ  ရှင်ဂျီရို၊ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရိတင်း၊ အီတလီကာကွယ်ရေးဝန်ကြီး    ဂွီဒိုခရို စက်တိုနှင့် ကနေဒါ အမျိုးသားကာကွယ်ရေးဝန်ကြီး  ဒေးဗစ်မက်ဂင်တီတို့  တက်ရောက်ခဲ့ကြသည်။ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကနေဒါနိုင်ငံက   ပါဝင်မည်မဟုတ်ချေ။ သို့သော်လည်း  အစီအစဉ်တိုးတက်ရေး အသေးစိတ်အချက်အလက်များကိုမူ ကနေဒါနိုင်ငံကို ပေးသွားမည်ဖြစ်သည်။   

ကနေဒါနိုင်ငံ ပါဝင်လာမှုသည် အနာဂတ်လေကြောင်းတိုက်ပွဲရည်မှန်းချက်များ  ပိုမိုခိုင်မာစေပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ပိုမိုအားကောင်းစေသည်ဟု လေးနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၏   ပူးတွဲကြေညာချက်တွင်  ဖော်ပြထားသည်။     

အင်န်အိတ်ချ်ကေ