ဂျပန် စားပွဲတင်တင်းနစ်ကစားသမားများ အောင်ပွဲဖြင့် ပြန်လာ

ဂျပန်နိုင်ငံသားဖြစ်သည့် စားပွဲတင်တင်းနစ်ကစားသမား နှစ်ဦးသည် ကမ္ဘာ့တင်းနစ်ပြိုင်ပွဲတွင် ပထမရရှိပြီး ယနေ့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တိုမိုကာဇူ ဟာရီမိုတိုသည် တောင်ကိုရီးယားနိုင်ငံမှ တိုကျိုအနီးရှိ နာရီတာလေဆိပ်သို့ ယနေ့ရောက်ရှိခဲ့သည်။ တိုမိုကာဇူ ဟာရီမိုတိုက အဆိုပါ ဖိုင်နယ်ပွဲ တွင် ပါဝင်သော ကစားသမားအများစုသည် ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ရာ ယခုရရှိခဲ့သည့်ဆုသည် အိုလံပစ် ရွှေတံဆိပ်ကဲ့သို့ တန်ဖိုးကြီးမားကြောင်း ပြောကြားခဲ့သည်။

မီမာ အိုတို သည် အိုဆာကာ စီရင်စု ရှိ ကန်ဆိုင်းလေဆိပ်သို့ ယနေ့ရောက်ရှိလာရာ ပရိသတ်များက ကြိုဆိုခဲ့ကြသည်။ မီမာအိုတိုက ယင်းပြိုင်ပွဲတွင် ပထမရရှိခဲ့သည့်အတွက် အလွန်ပျော်ရွှင်ပါကြောင်းနှင့် စားပွဲတင်တင်းနစ် ကစားပွဲတွင် အတွေ့အကြုံများ ရှိခြင်းတို့ကြောင့် ဆုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား အန်အိတ်ချ်ကေ

 

ဘာသာပြန် မြင့်မြင့်ချို