ဂျပန် ကာဝါစကီ မြို့တွင် ၁၅ ဦး ဓားထိုးခံရ

၂၈ မေ

ဂျပန်နိုင်ငံ တိုကျို အနီး ကာဝါစကီ မြို့တော်တွင် ၁၅ ဦး ဓားထိုးခံရပြီး ထိုဓားထိုးခံရသူများမှာ အများအားဖြင့် ကျောင်းသားသူငယ်များ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓားထိုးမှုမှာ လူနေရပ်ကွက်တစ်ခုရှိ ပန်းခြံတစ်ခုတွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

mdn

 

ယင်းဓားထိုးမှုကြောင့် အခြေခံမူလတန်းကျောင်းသား ရှစ်ဦး နှင့် အရွယ်ရောက်သူ ခုနစ်ဦး တို့ ကုသမှုခံယူနေကြောင်း နှင့် အရွယ်ရောက်သူ နှစ်ဦး နှင့် ကလေး တစ်ဦး မှာ ဒဏ်ရာပြင်းထန်မှု မရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ရဲတပ်ဖွဲ့က ထိုဓားထိုးမှု တရားခံဟု သုံးသပ်ရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း နှင့် ထိုတရားခံမှာ ပခုံးတွင် ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းအခင်းဖြစ်ပွားရာနေရာတွင် ဓားနှစ်ချောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn