ရန်ကုန် ၁၀ ဇန်နဝါရီ 


ဂျပန်-မြန်မာ အောင်ဆန်းသက်မွေး ပညာသင်တန်းကျောင်း(JMASVTI)၏ ဖွင့်ပွဲအခမ်း အနားနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်ရှိ ဂျပန်-မြန်မာအောင်ဆန်းသက်မွေး ပညာသင်တန်း ကျောင်း (JMASVTI) ဆောက်လုပ်မည့် မြေကွက်လပ်ရှိ ယာယီမဏ္ဍပ်တွင် ကျင်းပသည်။


အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဦးအေးသာအောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော Mr. Kozo YAMAMOTO နှင့် Mr. Satoshi FUJIMARU၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာအိချိရောမာရုယာမ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ Chief Representative၊ Mr. Masayuki KARASAWA၊ မြန်မာ-ဂျပန်လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ထွေး၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာ့မော်တော်ယာဉ်ဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ကိုယ်စားလှယ်များ၊ သက်မွေးပညာသင်ကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

a

 


ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း၏ စီမံကိန်းသည် ဂျပန်နိုင်ငံ အစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ယခင်စက်မှုလက်မှု အထက်တန်းကျောင်း(အောင်ဆန်း)တွင်  ဆောက်လုပ်ပြီး လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ဤကျောင်းတွင် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုနည်းပညာရပ်နှင့်  စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်းပညာရပ်နှစ်ခုကို ဂျပန်နိုင်ငံ၏ အတွေ့အကြုံ၊ နည်းပညာ နှင့် မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော လုပ်သားဈေးကွက်နှင့် ကိုက်ညီသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါ ကြောင်း၊ မြန်မာလူငယ်၊ လူရွယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာ နိုင်မှာဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်နေ့မှ စတင်၍ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှု နည်းပညာရပ်နှင့်  စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်းပညာရပ်(၂)ခုတို့ကို AGTI ဒီပလိုမာအဆင့် (၃)နှစ် သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးနေပြီ ဖြစ်ပါကြောင်း။ 

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးကို စိတ်ပါဝင်စားသင်ယူလိုသူများ လေ့လာသင်ယူခွင့်ရရှိရေး၊ အရည် အသွေး အာမခံမှုရှိရေးနှင့်  ပိုမိုကောင်းမွန်သော နည်းပညာနှင့် သက်မွေးပညာရေး ဖြစ်ပေါ် လာစေရန် မဟာဗျုဟာများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီစေသည့် နည်းပညာနှင့် သက်မွေးပညာရေး အစီအစဉ် များအနက် ယနေ့ဖွင့်လှစ်သည့် ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်း ကျောင်း စီမံကိန်းသည် မဟာဗျုဟာမြောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပညာရေး ဆိုင်ရာ စီမံကိန်းများအနက် လွန်စွာတန်ဖိုးရှိသော စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ အစဉ်ပြောင်းလဲတိုးတက်နေသော ဈေးကွက်လိုအပ်ချက်ကို စောင့်ကြည့်လေ့လာသုံးသပ်ပြီး အရည်အချင်းရှိသော ကျွမ်းကျင်အတတ်ပညာရှင်များ လေ့ကျင့်သင်ကြား ပြုစုမွေးထုတ် ပေးနိုင်စေရေးအတွက် အထူးအလေးအနက်ထား၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

 

a

 

ယင်းနောက် ဂျပန်လွှတ်တော်ကိုယ်စားလှယ် Mr. Kozo YAMAMOTO က အမှာစကား ပြောကြား၍ Japan International Cooperation Agency(JICA) ၏ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki က JMASVTI တည်ထောင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဂျပန်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော Mr. Yamamoto Kozo နှင့် Mr. Fujimaru Satoshi၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိရောမာရုယာမတို့မှ သတ်မှတ်နေရာ အသီးသီးတွင် နေရာယူ၍ ပန္နက်တင်မင်္ဂလာအစီအစဉ်အား ဆောင်ရွက်ကြသည်။

ယင်းနောက် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (JMASVTI) ဖွင့်ပွဲအခမ်းအနားအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာ-ဂျပန်လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအသင်း၏ဥက္ကဋ္ဌ ဦးကျော်ထွေး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးနှင့် ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ် Mr. Yamamoto Kozo နှင့် Mr. FUJIMARU Satoshi၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Maruyama Ichiro နှင့် JICA Myanmar Office မှ Chief Representative Mr. Karasawa Masayuki တို့က ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း၏ဖွင့်ပွဲနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)