၂၁ သြဂုတ်
ဂျပန် ၊ တရုတ် ၊ တောင်ကိုရီးယားနိုင်ငံတို့မှ ထိပ်တန်းသံတမန်များသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သုံးဦးပါဝင်သော အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားနှင့်ပတ်သက်ပြီး နီးကပ်စွာလုပ်ဆောင်သွားမည်ဟု အတည်ပြုခဲ့ကြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို နှင့် တရုတ် ၊ တောင်ကိုရီးယား နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများဖြစ်သည့် ဝမ်ရီ နှင့် ကမ်ကြောင်ဝှား တို့သည် ပေကျင်းမြို့ဆင်ခြေဖုံးတွင် ယနေ့တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံပွဲပြီးနောက် မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ယင်းသုံးနိုင်ငံ၏ ဘုံရည်မှန်းချက်ဖြစ်သော ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဆွေးနွေးခဲ့ကြကြောင်း ယင်းတာဝန်ရှိသူ သုံးဦးက ပြောကြားခဲ့သည်။
မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံသည် ဂျပန်ပင်လယ်ပြင်သို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်ထပ်တလဲလဲ ပစ်ခတ်ခဲ့သည်။
ယခုနှစ် အာရှ-ပစိဖိတ်နိုင်ငံများ ဖြစ်သည့် ၁၆ နိုင်ငံအပါအဝင် အခမဲ့ကုန်သွယ်ရေးမူဘောင် ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် ဆွေးနွေးပွဲကောက်ချက်ချရန်ကြိုးစားမည် ဖြစ်ကြောင်း ၎င်းတို့က အတည်ပြုပြောကြားခဲ့သည်။
သုံးပွင့်ဆိုင် လွတ်လပ်စွာကုန်သွယ်ရေးဆွေးနွေးပွဲ အရှိန်မြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို